ဘုရင့်သားဖြစ်ပါလျှက်ထီးနန်းနှင့်မထိုက်တန်သူ

ရောဟိတနတ်သားက မြတ်စွာဘုရားကို လျှောက်ထားတယ်။ “ဘုန်းတော်ကြီးသောမူသော မြတ်စွာဘုရား ပဋိသန္ဓေနေရတဲ့ ဆင်းရဲလည်း မရှိ၊ အိုရ -နာရတဲ့ ဆင်းရဲလည်း မရှိ ၊ အမြဲမကွာ ချမ်းသာနေတဲ့ နိဗ္ဗာန်သို့ ရောက်ရန် အဘယ်သို့ မှန်ကန်သော လမ်းခရီးဖြင့် သွားရပါမည်နည်းဘုရား” ဟု လျှောက်ထားတယ်။

ဒီတော့ မြတ်စွာဘုရားက “ န ဟိ ဧတေဟိ ယာနေဟိ ဂစ္ဆေယျ အာဂတံ ဒိသံ” ရောဟိတနတ်သား ၊လောက၌ အသုံးပြုနေကြသော လှည်းယာဉ် ၊ စက်ယာဉ် စသော ယာဉ်တို့ဖြင့် နိဗ္ဗာန်သို့ သွားလို့ မရောက် နိုင်ဘူး။ “နိဗ္ဗာနပူရံ ပါပေသိ ၊ ယာနတ္တယေန သော ဇိနော ” အရိယာမွန် သူတော်ချွန်တို့သာ စီးသွားနိုင်သော လက္ခဏာယာဉ် ဖြင့်သာ လောကကြီး တစ်ရပ်လုံးထက် အမြတ်ဆုံးနိဗ္ဗာန် သို့ သွားနိုင်တယ် -ရောက်နိုင်တယ်လို့ မိန့်ကြားတော်မူ၏။

ဒီစကားကို ထောက်ချင့်သော် နိဗ္ဗာန်ရောက်နိုင်တဲ့ လမ်းခရီးကား အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုတဲ့ ယာဉ်သုံးပါး ၀ိပဿ နာ။ လူ့ဘ၀ကြီး ရလာတဲ့ အခါ လူအစစ် လူအမှန်ဖြစ်ရန် အရေးကြီးတယ်။ လူ အစစ်ဆိုတာ “ ကိလေသေ လုနာတိ ဆိန္ဒတီတိ လူ” ဟု ဆရာမြတ်တို့က ၀ိဂြိုဟ်ဝစနတ် ပြုထားလေတော့ တဏှာ ၊ မာန ၊ ဒိဋ္ဌိ ၊ ၀ိစိကိစ္ဆာ စသော ကိလေသာတရားတို့ကို ပယ်သတ်နိုင်မှ လူအစစ်ဖြစ်တယ်။

သို့မဟုတ် အမိုက်ကြီး ငါးပါးနဲ့ အမိုက်မှောင် ကျနေလျှင် “ လူအန္ဓ ၊ လူ အတုအပ” တွေပဲ ဖြစ်နေမယ်။ အမိုက်ကြီး ငါးပါးဆိုတာ.....
၁) ကံ ၊ ကံ၏အကျိုးကို မသိတဲ့ ကမ္မသမ္မောဟ အမိုက်ကြီး။
၂) ခန္ဓာ ၊ အာယတနာ ၊ ဓာတ် ၊ သစ္စာကို မသိတဲ့ ဓမ္မသမ္မောဟ အမိုက်ကြီး။
၃) ပဋိစ္စသမုပ္ပာဒ်ကို မသိတဲ့ ပစ္စယ သမ္မောဟ အမိုက်ကြီး။
၎) လက္ခဏာရေးသုံးပါးကို မသိတဲ့ လက္ခဏာသမ္မောဟ အမိုက်ကြီး။
၅) နိဗ္ဗာန်ကို မသိတဲ့ နိဗ္ဗာန သမ္မောဟ အမိုက်ကြီး။

ဤ အမိုက်မှောင် ပျောက်ကာ အလင်းရောင်ရောက်တဲ့ လူလိမ္မာဖြစ်ဖို့ အရေးကြီးတယ်။ အလင်းရောင် ရောက်ဖို့ကလည်း ငါးပါးရှိတယ်။
၁) ကံ ၊ ကံ၏ အကျိုးကိုသိတဲ့ ကမ္မဿ ကတဥာဏ်။
၂) ခန္ဓာ ၊ အာယတန ၊ ဓာတ် ၊ သစ္စာကို သိတဲ့ ဓမ္မ၀၀တ္ထာနဥာဏ်။
၃) ပဋိစ္စသမုပ္ပာဒ်ကို သိတဲ့ ပစ္စယ၀၀တ္ထာနဥာဏ်။
၎) လက္ခဏာရေးသုံးပါးကို သိတဲ့ လက္ခဏပဋိဝေဒဥာဏ်။
၅) နိဗ္ဗာန်၏ သဘောကို သိတဲ့ နိဗ္ဗာနပဋိဝေဒဥာဏ်။

ဤ အလင်းရောင်ကြီး ငါးပါးနှင့် ပြည့်စုံမှ လူမှန် လူစစ်ဖြစ်၍ လူဖြစ်ကျိုးနပ်တယ်။ ယခုလို သာသနာတော်ကြီး နှင့် ကြုံကြိုက်နေပါလျက် ၀ိပဿ နာတရား အားမထုတ်ပါလျှင် ဘုရင့်သား ဖြစ်ပါလျက် ထီးနန်းနဲ့ မထိုက်တန်သော သားမိုက်နှင့် တူနေလိမ့်မည်။

ကျမ်းကိုး---သဂါထာဝဂ္ဂ သံယုတ်ပါဋိတော်

No comments:

Trendy LIST

Download

ကြည့်နေတယ်

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

မောင်(စွယ်စုံကျမ်း)မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

...

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

တစ်လအတွင်းရေးခဲ့သောပိုစ်များ

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

LinkWithin

Related Posts Plugin for WordPress, Blogger...

comment


19

MySpace font codes.

20

marquee code

I will try heard everytime.Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...Falling text...

Free HTML codes

page

Here is the normal flow of content...

This div has relative positioning.

...and here is more content...